နောက်ခံသမိုင်းကြောင်း



မော်လမြိုင်စက်မှုလက်မှုသိပ္ပံကို (၁၉၈၂) ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက် နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်း၏ အကျယ်အဝန်းမှာ (၂၃၂.၆၂) ဧကရှိပြီး ပညာရေး ဝန်ကြီးဌာန၊စက်မှုစိုက်ပျိုးနှင့် သက်မွေး ပညာဦးစီးဌာနမှ တာဝန် ယူဖွင့် လှစ်ခဲ့ပါ သည်။ ၁၉၉၉ခုနှစ်တွင် နည်းပညာကောလိပ်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ ပြီး ယနေ့အထိ နည်းပညာတက္ကသိုလ်အဖြင့် ဆက်လက်ဖွင့်လှစ်သင် ကြားခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှ စတင်၍ ယခုအစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)ကို မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ် ၊ညောင်ပင်ဆိပ် ရပ်ကွက် ၊ မော်လမြိုင် – ဘားအံ ကားလမ်းမကြီးဘေးရှိ စက်မှုဇုန်ဝင်း အတွင်းတွင်ပြန်လည်ဖွင့် လှစ်ခဲ့ ပါသည်။

  • မျှော်မှန်းချက်နှင့်ရည်မှန်းချက်

    လူငယ်လူရွယ်တိုင်း နည်းပညာနှင့်သက်မွေးပညာကို သင်ယူနိုင်ရန် ဖန်တီး ပေးပြီး အရည်အချင်းရှိသော နည်းပညာနှင့်သက်မွေးပညာရပ် အတက် ပညာ ရှင်များ မွေးထုတ် ပေးနိုင်ရန်၊ လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းဝင်ငွေတိုးတက်မှုတို့အတွက် နည်း ပညာနှင့်သက်မွေးပညာ၏ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသလိုအပ်ချက် ဖြစ် သော နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများ တိုးချဲ့ဖွင့် လှစ်သင်ကြား ပေးရန်၊။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဦးအောင်မိုးBE(Mech)၁.၄.၂၀၁၅ မှ ၂၀.၂.၂၀၁၈
ဒေါက်တာချိုယုမွန်Ph.D(Chemical)၂၀.၂.၂၀၁၈ မှ ၂.၅.၂၀၁၉
ဒေါက်တာမင်းမင်းထွန်းPh.D(Met)၃.၅.၂၀၁၉ မှ ၇.၆.၂၀၁၉
ဒေါက်တာစည်သူကျော်Ph.D(Met)၃.၆.၂၀၁၉ မှ ၂၆.၂.၂၀၂၁
ဒေါက်တာဖြိုးဝေလင်းPh.D(MEF)၁၅.၃.၂၀၂၁ မှ ယနေ့ထိ