သုတနည်းပညာအင်ဂျင်နီယာဌာန

သုတနည်းပညာဌာန၏အဓိကရည်ရွယ်ချက်မှာသတင်းအချက်အလက်(Information)တွေကိုမြန်မြန်ဆန်ဆန်တိတိကျကျရရှိအောင်ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါသည်။စဉ်ဆက်မပြတ်တိုးတက်နေသောITနည်းပညာများကိုလေ့ကျင့်သင်ကြားပေးခြင်းဖြင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုပ်ငန်းနယ်အသီးသီးတွင်ဦးဆောင်ပါဝင်သူများဖြစ်ပေါ်လာစေရန်ရည်ရွယ်ပါသည်။သုတနည်းပညာအင်ဂျင်နီယာပညာရပ်ဆိုသည်မှာကွန်ပျူတာကိုအသုံးပြု၍သတင်းအချက်အလက်များပေးပို့ခြင်း၊သိုလှောင်သိမ်းဆည်းခြင်း၊သတင်းအချက်အလက်နှင့်သက်ဆိုင်သည့်စနစ်၊ ဆက်သွယ်ရေးနည်းပညာနှင့် သက်ဆိုင်သည့်စနစ်၊ အတိအကျပြောရမည်ဆိုလျှင် Hardware and Software စသည့် အီလက်ထရွန်ပစ္စည်း ကိရိယာပစ္စည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကွန်ပျူတာများနှင့် ၎င်းစနစ်များကို လေ့လာသည့် နည်းပညာပညာရပ်ဖြစ်သည်။

ဆောင်ရွက်လျက်ရှိသောသင်တန်းများ

BT,ECT,ET,MT,နှင့်AMTသင်တန်းများတွင်ဒုတိယနှစ်သင်တန်းသားများကိုကျောင်းပြီးလုပ်ငန်းခွင်ဝင်ရောက်ချိန်တွင်ကွန်ပျူတာအသုံးပြုတတ်စေရန်အတွက်အခြေခံကွန်ပျူတာဘာသာရပ်ကိုTrainingအနေဖြင့်သင်ကြားပေးလျက်နေပါသည်။

သင်ကြားရေးဆရာ/ဆရာမများအရည်အသွေးမြှင့်တင်စေရန်နှင့်ကွန်ပျူတာကိုစနစ်တကျအသုံးပြုတတ်စေရန်ရည်ရွယ်ကွန်ပျူတာသင်တန်းများကိုစဥ်ဆက်မပြတ်ဖွင့်လှစ်‌ပေးလျက်ရှိသည်။

ဒေသတွင်းနေအစိုးရဝန်ထမ်းများနှင့်ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများအဆင်ပြေစေရန်အတွက်လိုအပ်လျက်ရှိသောသုတနည်းပညာနှင့်ပတ်သက်သည့်ကာလတိုအခြေခံကွန်ပျူတာသင်တန်းများကိုစဥ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိသည်။

သုတနည်းပညာအင်ဂျင်နီယာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်လင်းဇာလီမော်ME(IT)ကထိက
ဒေါ်ချိုချိုဦးB.C.Sc(Hons)လ/ထကထိက