အဖွင့်အမှာစကား

GTI (မော်လမြိုင်) တွင် စက်မှုအင်ဂျင်နီယာကျောင်းသားများသည် သီအိုရီများသာမက လက်တွေ့များပါ သင်ရပါသည်။ ပထမနှစ် ကျောင်းသားများအတွက် အသေးအဖွဲ ဘာသာရပ်၅ ခုနှင့် အဓိက ဘာသာရပ် ၃ ခုကို သင်ကြားသည်။ ဒုတိယနှစ်တွင် ကျောင်းသားများသည် အသေးအဖွဲဘာသာရပ် ၂ ခုနှင့် အဓိက ဘာသာရပ် ၆ ခုကို သင်ကြားသည်။ တတိယနှစ် (GTI ၏နောက်ဆုံးနှစ်)တွင် ကျောင်းသားများသည် အသေးအမွှားဘာသာရပ်တစ်ခုနှင့် အဓိကဘာသာရပ် ၇ ခုကိုသာ လေ့လာကြသည်။ပြီးနောက် ကျောင်းသားများသည် စက်မှုဇုန်များတွင် (၃) လလောက် လုပ်ငန်းခွင် လက်တွေ့ ဆင်းရပါသည်။ ထို့နောက် နောက်ဆုံး စာမေးပွဲ အောင်မြင်သော ကျောင်းသားအား AGTI လက်မှတ် ချီးမြှင့်သည်။
အလုပ်အကိုင်အခွင့်အလမ်း
A.G.T.I Diplomaရရှိပြီး နောက်ကျောင်းသားများ သည်မော်တော်ယာဥ်လုပ်ငန်း၊အဏ္ဏဝါ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊အကြီးစား စက်မှုလုပ်ငန်းနှင့် ဂဟေလုပ်ငန်းစသည်ဖြင့် စက်မှုအင်ဂျင်နီယာနယ်ပယ်များစွာတွင် အလုပ်များ ဝင်ရောက်နိုင်ပါသည်။

စက်မှုစွမ်းအားအင်ဂျင်နီယာဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဆရာ၊ဆရာမစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဦးခိုင်ကိုကိုမြင့်B.E(MfE)Qကထိက
ဦးသက်ထွန်းအောင်B.E(Mech)လ/ထကထိက
ဦးမောင်မောင်B.E(Mech)လ/ထကထိက
ဒေါ်ဇင်မာမျိုးB.E(Mech)နည်းပြ
ဦးကျော်စွာအောင်မျိုး၁၀တန်းစက်မှုကျွမ်းကျင်-၅